မေလ ၃ ရက်တွင် ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ထုတ်ပြန်ကြေညာချက်
ယနေ့ မေလ ၃ ရက်တွင် ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)တွင် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အလွန်ဆိုးဝါးစွာ ရှိနေသေးကြောင်း မိမိတို့ လွတ်လပ် သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) မှ ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ယနေ့အထိ ၅ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စာနယ်ဇင်းသတင်းသမားများအား ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ခဲ့သည်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders – RSF) က ထုတ်ပြန်ထားသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းများအရ နိုင်ငံပေါင်း ၁၈၀ တွင် မြန်မာနိုင်ငံသည်…


