IMJA ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းအတွင်း ဆောင်ရွက်ချက်များ
IMJA ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းအတွင်း ဆောင်ရွက်ချက်များ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (Independent Myanmar Journalists Association – IMJA) ၏ ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းအတွင်း မြန်မာသတင်းသမားများ၏ ဘေးကင်းလုံခြုံရေး၊ အခွင့်အရေး ကာကွယ်ရေး၊ သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေး၊ ပညာရပ်ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးနှင့် သတင်းသမားများ ရေရှည် ရပ်တည်နိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို အဖွဲ့ဝင်များနှင့် အများပြည်သူ သိရှိနိုင်ရန် အောက်ပါ အတိုင်း တင်ပြအပ်ပါသည်။ ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းအတွင်း IMJA သည် Press Freedom Committee၊ Journalism Development & Advocacy Committee၊ Research & Monitoring Committee၊ Safety…

