ဖမ်းဆီးထားသော သတင်းထောက်များအား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်တောင်းဆိုခြင်း
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး Independent Myanmar Journalists Association_IMJA ကြေညာချက်အမှတ် – ၁ / ၂၀၂၆ ၁၂ ၊ ဧပြီ၊ ၂၀၂၆ ခုနှစ် ဖမ်းဆီးထားသော သတင်းထောက်များအား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်တောင်းဆိုခြင်း မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ် အာဏာသိမ်းချိန်မှစတင်ပြီး သတင်းသမား အများအပြားကို ဖမ်ဆီးထောင်ချခဲ့သည်။ မြန်မာစစ်တပ်သည် သတင်းသမားများကို ဖမ်းဆီးပြီးနောက်တွင် အကြမ်းဖက်သတ်ဖြတ်ခြင်း ၊ အကြမ်းဖက်ပုဒ်မ အမျိုးမျိုး တပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)၏ သုတေသနစာတမ်းပါ အချက်အလက်များအရ စစ်ဆေးတွေ့ရှိရသည်။ မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ…

