လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Independent Myanmar Journalists Association_IMJA
ကြေညာချက်အမှတ် – ၁ / ၂၀၂၆
၁၂ ၊ ဧပြီ၊ ၂၀၂၆ ခုနှစ်
ဖမ်းဆီးထားသော သတင်းထောက်များအား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်တောင်းဆိုခြင်း
မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ် အာဏာသိမ်းချိန်မှစတင်ပြီး သတင်းသမား အများအပြားကို ဖမ်ဆီးထောင်ချခဲ့သည်။
မြန်မာစစ်တပ်သည် သတင်းသမားများကို ဖမ်းဆီးပြီးနောက်တွင် အကြမ်းဖက်သတ်ဖြတ်ခြင်း ၊ အကြမ်းဖက်ပုဒ်မ အမျိုးမျိုး တပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)၏ သုတေသနစာတမ်းပါ အချက်အလက်များအရ စစ်ဆေးတွေ့ရှိရသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ လက်ရှိအချိန်အထိ သတင်းသမား ၁၇ ဦးကို အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထားဆဲဖြစ်သည်။ အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးခံထားရသော သတင်းသမားများသည်လည်း အကျဉ်းထောင်အတွင်း ကျန်းမာရေးစောက်ရှောက်မှုနှင့် ဆေးကုသခွင့် မရရှိကြကြောင်းလည်း သိရသည်။
ထို့အပြင် လက်ရှိအချိန်အထိမြန်မာနိုင်ငံတွင်း လွတ်လပ်စွာသတင်းရယူခွင့်၊ သတင်းဖော်ပြခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်သည် အဆိုးရွာဆုံးအခြေအနေကို ရင်ဆိုင်နေရပြီး စစ်တပ်အနေဖြင့် သတင်းသမားများကို ဆက်လက်ဖမ်းဆီး ရန် လုပ်ဆောင်နေဆဲဖြစ်သည်။
မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) အနေဖြင့် ယခုကဲ့သို့ သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်း၊ သတင်းသမားများကို ဆက်လက်ဖမ်းဆီးရန် လုပ်ဆောင်နေမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်။
သတင်းသမားအားလုံး လွတ်မြောက်ရေးသည် သတင်းလွတ်လပ်ခွင့်၏ အခြေခံအကျဆုံး ရပ်တည်ချက် ဖြစ်သည်။ သတင်းသမားတယောက်တလေ ဖမ်းဆီးခံနေရသ၍ သတင်းလွတ်လပ်ခွင့်ကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်သော လုပ်ရပ်အဖြစ် ကျွန်ုပ်တို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က ရှုမြင်သည်။
မြန်မာစစ်တပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော အစိုးရအနေဖြင့် သတင်းသမားများကို သတ်ဖြတ်မှုများ ပစ်မှတ်ထား ဖမ်းဆီးမှုများ ချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထားသော သတင်းသမားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် မိမိတို့လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)က တိုက်တွန်း တောင်းဆိုလိုက်သည်။
ဖမ်းဆီးခံထားရသော သတင်းများပြန်လည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) အနေဖြင့် အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
Phone +66817132516
Signal +66817132516
ပြန်ကြားရေးကော်မတီ
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး







