အမျိုးသမီးသတင်းထောက်တစ်ဦးအား အွန်လိုင်းမှ ပစ်မှတ်ထားတိုက်ခိုက်နေမှုကို ကန့်ကွက်ရှုတ်ချခြင်း
\Border News Agency (BNA) မှ အမျိုးသမီးသတင်းထောက် မနီနီဝင်း၏ အမည်၊ ဓာတ်ပုံနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် မဟုတ်မမှန် စွပ်စွဲရေးသားမှုများ၊ လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်သက်ရောက်သည့် ရေးသားဖော်ပြမှုများနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ကို လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က စိစစ်တွေ့ရှိရသည်။ အထူးသဖြင့် အမျိုးသမီးသတင်းထောက်တစ်ဦး၏ ပရော်ဖက်ရှင်နယ်ရပ်တည်မှုနှင့် မသက်ဆိုင်သော လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များ၊ အရှက်ခွဲရေးသားမှုများနှင့် မဟုတ်မမှန် အကြောင်းအရာများကို အသုံးပြု၍ ဂုဏ်သိက္ခာကျဆင်းစေရန် ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် Gender-based Harassment တစ်ရပ်ဖြစ်ပြီး သတင်းထောက်၏ ကိုယ်ရေးကိုယ်တာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် လွတ်လပ်စွာ သတင်းလုပ်ငန်းဆောင်ရွက်နိုင်ခွင့်ကိုပါ ထိခိုက်စေနိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု IMJA က ရှုမြင်သည်။ သတင်းမီဒီယာတစ်ခု၏ သတင်းဖော်ပြမှု သို့မဟုတ် ရပ်တည်ချက်အပေါ်…

