IMJA အမှုဆောင်ကော်မတီ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အသိပေးကြေညာချက်
လွတ်လပ်သော မြန်မာသတင်းသမားများအစည်းအရုံး (Independent Myanmar Journalists Association – IMJA) ၏ အမှုဆောင်ကော်မတီ သက်တမ်းအတွက် ရွေးကောက်ပွဲကို စနစ်တကျ၊ ပွင့်လင်းမြင်သာစွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီ ကို ဖွဲ့စည်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။ IMJA အမှုဆောင်ကော်မတီ ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပရန် လျာထားပြီး ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုများ၊ အဖွဲ့ဝင်များအား အသိပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ လိုအပ်သည့် စီမံဆောင်ရွက်မှုများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပါသည်။ ၁။ ကိုတေဇာအောင် ၂။ ကိုကျော် ၃။ မတင်တင်ကြူ ၄။ ကိုဇင်မောင် ၅။ ကိုမှူး ထို့အပြင်…

