လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ၏ ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအကြောင်း အသိပေးကြေညာချက်
လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)တွင်ကျင့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် ဖွဲ့စည်းထားပြီးဖြစ်သည်။ ဖွဲ့စည်းပြီးချိန်မှ စ၍ သတင်းသမား၏ လုံခြုံရေးဆိုင်ရာ ကိစ္စများ၊ ကျင့်ဝတ်ဆိုင်ရာ ကိစ္စများကို တိုင်ကြားမှုများ၊ မှတ်တမ်းတင်ထားရန် ပေးပို့ချက်များကိုလည်း လက်ခံရရှိခဲ့သည်။ အချို့သော ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများလည်း ရှိနေသည်။ ဤကော်မတီသည်မီဒီယာလုပ်ငန်းနှင့်သတင်းသမားများ၏ကျင့်ဝတ်နှင့်စည်းကမ်းချိုးဖောက်မှုများအပေါ်တိုင်ကြားချက်များကိုလက်ခံခြင်း၊စုံစမ်းစစ်ဆေးခြင်းနှင့် ဖြေရှင်းပေးရန်ဖွဲ့စည်းထားသောကော်မတီဖြစ်သည်။ အထူးသဖြင့်သတင်းသမားများ၏ကျင့်ဝတ်ပိုင်းဆိုင်ရာအငြင်းပွားမှုများကိုဖြေရှင်းရန်နှင့်သတင်းသမားများ၏အခွင့်အရေးများကိုကာကွယ်ပေးရန်ရည်ရွယ်ထားသည်။ ကျင့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီသည်တင်သွင်းလာသောတိုင်ကြားချက်များအားလုံးကိုတရားမျှတစွာ၊လျှို့ဝှက်စွာနှင့်အချိန်မီဖြေရှင်းပေးနိုင်ရန်ရည်မှန်းထားသည်။ မည်သည့်မေးမြန်းချက်(သို့မဟုတ်)တိုင်ကြားချက်တင်သွင်းလိုပါကကျင့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ၏Emailလိပ်စာသို့ဆက်သွယ်နိုင်သည်။ ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ Email: edc.imja@gmail.com