ကြေညာချက် အမှတ်– ၅/၂၀၂၅
၂၃ စက်တင်ဘာ ၂၀၂၅
မောင်တောအခြေစိုက် Border News Agency ၏ အမျိုးသမီးသတင်းထောက်မုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော်အချိန်ခန့်က မောင်တောမြို့၊နေအိမ်တွင် လာရောက်ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်း Border News Agency ၏ ထုတ် ပြန်ချက်အရ သိရှိရသည်။
လာရောက်ခေါ်ဆောင်သွားသော အဖွဲ့အစည်းမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ထောက်လှမ်းရေးဟု လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့ လာရောက်ခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးသတင်းထောက်မုဒြာသည် မိသားစုနှင့် အဆက်အသွယ်ပြတ် တောက်နေ ကြောင်းလည်း သိရှိရသဖြင့် ကျွန်ုပ်တို့လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) အနေဖြင့် အလွန်တရာ စိုးရိမ်ပူပန်လျက်ရှိသည်။
ထို့ကြောင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းထောက်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး သတင်းမီဒီယာသမားများကို အကာအကွယ်ပေးသည့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာကာ အမြန်ဆုံးလွှတ်ပေးရန် အာရက္ခ တပ်တော် (AA) အားလေးစားစွာ တိုက်တွန်းတောင်းဆိုအပ်ပါသည်။
ဒီမိုကရေစီကို တန်ဖိုးထားလေးစားသည့် အာရက္ခတပ်တော် (AA) အနေဖြင့်လည်း သတင်းမီဒီယာသမားများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး မရှိမဖြစ်လိုအပ်သော သတင်းထောက်များ၏ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန် ပံ့ပိုးပေးခြင်းအားဖြင့် အားကောင်းသည့် စံနမူနာပြနိုင်မည်ဟု ယုံကြည်ပါသည်။







