လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Independent Myanmar Journalists Association_IMJA
ကြေညာချက်အမှတ် – ၂ / ၂၀၂၄
၃၀ ၊ ဇွန် ၊ ၂၀၂၄ ခုနှစ်
DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ထောင်ဒဏ်များချမှတ်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း
Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်း စစ်ကောင်စီ မှ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ဇွန်လ ၂၈ ရက်နေ့က ချမှတ်လိုက်ကြောင်း သိရ သည်။
သတင်းထောက် ကိုထက်အောင်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ရခိုင်ပြည် စစ်တွေမြို့ ဝင်္ကဘာ ကွင်း တွင်ပြုလုပ် သည့် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို သတင်းဓာတ်ပုံရိုက်နေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။
ထို့အပြင် အောက်တိုဘာ ၂၉ ရက်ညတွင် Development Media Group (DMG)၏ ရုံးခန်းကို စစ်ကောင်စီက ဝင်ရောက် စီးနင်း ပြီး ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်ကိုပါ စစ်ကောင်စီက ဖမ်းဆီးကာ ၎င်းတို့နှစ်ဦးစလုံးကို ဇွန်လ ၂၈ ရက်တွင် စစ်တွေ မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် သတင်းသမားများကို ပစ်မှတ်ထားဖမ်းဆီးမှုများချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထား သောသတင်း သမား များ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် မိမိတို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာများ အစည်းအရုံး (IMJA)က တိုက်တွန်းတောင်းဆိုလိုက်သည်။
မိမိတို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) အနေဖြင့် ယခုကဲ့သို့ သတင်းသမား များအပေါ် မတရားသဖြင့် ဖမ်းဆီး ထောင်ချနေခြင်းများကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပြီး သတင်း မီဒီယာသမားများအပေါ် ကျူးလွန်သည့် ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။