IMJA အနေနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော သတင်းစာဆရာ၊ ဆရာမများ အတွက် Safe House Support ထောက်ပံ့ခြင်းကို စတုထ္တအကြိမ်မြောက် ပေးအပ်သွားမည် ဖြစ်ပါသောကြောင့် လျှောက်ထားလိုသည့် IMJA အသင်းဝင် သတင်းစာဆရာ၊ ဆရာမများ အနေဖြင့် ဖော်ပြပါ Link က တစ်ဆင့်ဝင်ရောက်ပြီး လိုအပ်သော ကိုယ်ရေးအချက်အလက်များကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
လျှောက်ထားရန်လင့်-
ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်ပြီး လုံခြုံရေးအရ တင်းကြပ်စွာ သိမ်းဆည်း ထိန်းသိမ်းထားမည် ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက IMJA ၏ Email imjamyanmar@gmail.com, Phone 06 953 3566 27 သို့ ရုံးချိန်အတွင်း (နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ အထိ) ဆက်သွယ်စုံစမ်းနိုင်ပါသည်။
IMJA အဖွဲ့ဝင်လိုပါက ဖြည့်ရန်လင့်
IMJA အလုပ်အမှုဆောင်အဖွဲ့
Safety and Protection Committee