လွတ်လပ်သော မီဒီယာများ ရေရှည်ရပ်တည်နိုင်ရန်အတွက် သတင်းသမားများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် လက်တွေ့ကျသော ကူညီပံ့ပိုးမှုများသည် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များဖြစ်သည်။ IMJA သည် အောက်ပါကဏ္ဍကြီးနှစ်ရပ်ကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။
က) စွမ်းရည်မြှင့်တင်ရေး (Capacity Development)
လူ့အခွင့်အရေးဆိုင်ရာ သတင်းတင်ပြမှု: လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျင့်ဝတ်နှင့်အညီ ထိထိရောက်ရောက် တင်ပြနိုင်ရန် သတင်းသမားများအား လေ့ကျင့်ပေးခြင်း။
လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း: အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း။ ဤလုပ်ငန်းစဉ်သည် နောင်တွင် တရားမျှတမှု ရှာဖွေနိုင်ရန်အတွက် ချိုးဖောက်မှုများကို စနစ်တကျ မှတ်တမ်းတင်နိုင်မည့် မဟာဗျူဟာမြောက် လုပ်ဆောင်ချက် (Documentation and Accountability) ဖြစ်သည်။
ဒစ်ဂျစ်တယ်လုံခြုံရေး: စောင့်ကြည့်ခံနေရသည့် ပတ်ဝန်းကျင်တွင် ဘေးကင်းစွာ လုပ်ကိုင်နိုင်ရန် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ သင်တန်းများနှင့် အရင်းအမြစ်များ ပံ့ပိုးခြင်း။
စောင့်ကြည့်လေ့လာခြင်း: သတင်းသမားများအပေါ် ကျူးလွန်သည့် ချိုးဖောက်မှုများကို အစဉ်တစိုက် မှတ်တမ်းတင်၍ အခြေအနေအရပ်ရပ်ကို သုံးသပ်ခြင်း။
ခ) ဥပဒေနှင့် ရုပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု (Legal & Physical Support) IMJA သည် မြေပြင်ရှိ သတင်းသမားများအတွက် လက်တွေ့ကျသော အကျိုးသက်ရောက်မှုများကို အောက်ပါအတိုင်း ဖော်ဆောင်နိုင်ခဲ့သည် –
ဥပဒေအကူအညီ: ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းသမား ၂၀ ဦးအတွက် ဥပဒေကြောင်းအရ လိုက်လံဆောင်ရွက်ပေးခြင်း။
နေထိုင်ရေးအကူအညီ: ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာရသော သတင်းသမား မိသားစု ၂၀ စုအတွက် လုံခြုံစိတ်ချရသော နေအိမ် (Safe House) များ စီစဉ်ပေးခြင်း။
တရားဝင်နေထိုင်ခွင့်: အိမ်နီးချင်းနိုင်ငံသို့ ရောက်ရှိနေသော သတင်းသမားများနှင့် ၎င်းတို့၏ မိသားစုများ ချက်ချင်းပြည်နှင်ဒဏ် မခံရစေရန်အတွက် ထိုင်းနိုင်ငံရှိ ယာယီနေထိုင်ခွင့်လက်မှတ် – Temporary Residence Cards (Police Cards) များ ရရှိစေရန် ဆောင်ရွက်ပေးခြင်း။
ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ဆက်သွယ်ရေးအတွက် ပံ့ပိုးကူညီမှုများကို အောက်ပါအတိုင်း အကောင်အထည်ဖော်ခဲ့ပါသည် –

ဤလုပ်ဆောင်ချက်များသည် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်များကြားတွင် သတင်းယူနေရသော သတင်းသမားများအတွက် အရေးကြီးသော အကာအကွယ်များ ဖြစ်ပါသည်။

