လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး
IMJA သည် သတင်းသမားများနှင့် သတင်းမီဒီယာသမားများ၏ အစည်းအရုံးဖြစ်သည်။
အပြည့်အဝအဖွဲ့ဝင် ဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက်၊ တာဝန်နှင့် ရပိုင်ခွင့်
- အစည်းအရုံးဝင် ၂ ဦးက ထောက်ခံရမည်။
- သတင်းသမားလုပ်သက် အနည်းဆုံး(၁)နှစ် တစ်ဆက်တစ်စပ်တည်း တာဝန်ထမ်းဆောင်နေ သူဖြစ်ပြီး သတင်းလုပ်ငန်းကိုသာ ကိုယ်စားပြုဆောင်ရွက်နေသူ ဖြစ်ရမည်။
- သတင်းသမား တဦးအဖြစ် ကိုယ်စားပြု ရပ်တည်နေခြင်း ရှိ၊ မရှိကို IMJA ကထုတ်ပြန် ထားသည့်သတင်းသမားများ၏ အခြေခံကျင့်ဝတ်သတ်မှတ်ချက်ဖြင့် မူတည်ဆုံးဖြတ်မည်ဖြစ်သည်။
- အပြည့်အဝအဖွဲ့ဝင်များသည် အစည်းအရုံး၏မူဝါဒရေးရာနှင့်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်ရာတွင် မဲပေးရန်တာဝန်ရှိသည်။
- အစည်းအရုံးက အခါအားလျော်စွာ ပေးအပ်သည့် အစည်းအရုံးဝင်များအတွက် ခံစားခွင့် တိုင်းကို အပြည့်အဝခံစားခွင့်ရမည်ဖြစ်သည်။
အလုပ်သင်အဖွဲ့ဝင် ဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက်၊ တာဝန်နှင့် ရပိုင်ခွင့်
- အစည်းအရုံးဝင် ၂ ဦးက ထောက်ခံရမည်။
- သတင်းမီဒီယာလုပ်ငန်းနယ်ပယ်ကို စိတ်ဝင်တစားလေ့လာပြီး တက်တက်ကြွကြွ ပါဝင်ရန် အားထုတ်ကြိုးပမ်းနေသူဖြစ်ရမည်။
- အစည်းအရုံးက အခါအားလျော်စွာ ပေးအပ်သည့် အစည်းအရုံးဝင်များအတွက် ခံစားခွင့် တိုင်းကို အပြည့်အဝခံစားခွင့်ရမည်ဖြစ်သည်။
- အစည်းအရုံးက ပြုလုပ်သည့် သတင်းမီဒီယာ ဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်အစီအစဉ်များတွင် ဦးစားပေးအဆင့်ဖြင့် ပါဝင်ခွင့်ရမည်။
- သတင်းသမားလုပ်သက်အနည်းဆုံး(၁)နှစ်တာဝန်ထမ်းဆောင်ခဲ့ တဆက်တစပ်တည်း ပြီးနောက်ပိုင်းတွင် အပြည့်အဝအဖွဲ့အဝင် အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။
IMJA ထဲအဖွဲ့ဝင်ဖို့ အဆင်သင့်ပဲလား?
သတင်းထောက်များကို ကာကွယ်ပြီး၊ ကျင့်ဝတ်စံနှုန်းများကို တိုးတက်စေပြီး၊ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို တိုးတက်အောင် လှုပ်ရှားနေတဲ့ အဖွဲ့ထဲ ဝင်လိုက်ပါ။
