လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA (Independent Myanmar Journalists Association) ၏ အလုပ်မှုဆောင်အဖွဲ့ (၂) နှစ်သက်တမ်းပြည့် တာဝန်ပြီးမြောက်ခြင်းနှင့် ကြားကာလကော်မတီ (ယာယီ) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA မှ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၀) ရက် အထွေထွေရွေးကောက်ပွဲအနိုင်ရ အလုပ်မှုဆောင်များနှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အလုပ်မှုဆောင်များသည် IMJA ၏ အခြေခံဖွဲ့စည်းပုံ အခန်း-၆ ဖော်ပြချက်အရ (၂) နှစ် တာဝန်သက်တမ်းပြည့်မြောက်ပြီးဖြစ်ကြောင်း IMJA အဖွဲ့ဝင်များအား လေးစားစွာ အသိပေးအပ်ပါသည်။
လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ၏ ပထမသက်တမ်း (၂) နှစ်တာ ကာလအတွင်း ပံ့ပိုးပေးကြသည့် IMJA အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ မီဒီယာလုပ်ဖော်ကိုင်ဖက်များ နှင့် မိတ်ဖက်အဖွဲ့အစည်းအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ၏ ဒုတိယအကြိမ် အလုပ်မှုဆောင် ရွေးကောက်ပွဲကို လာမည့်ရက်ပေါင်း (၁၀၀) အတွင်းပြုလုပ်သွားမည်ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲ မပြုလုပ်ခင် ကြားကာလအတွင်း၊ လွတ်လပ်သောမြန်မာသတင်းစာဆရာ များအစည်းအရုံး IMJA အနေဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ ပိုမိုခိုင်မာအား ကောင်းလာစေရန် ရည်ရွယ်၍ ကြားကာလကော်မတီ(ယာယီ)ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ကြောင်း အသိပေးအပ်ပါသည်။
ကြားကာလကော်မတီ (ယာယီ) အဖွဲ့ဝင်များ
၁။ ဒေါ်တင်တင်ကြူ
၂။ ဦးဇင်မောင်
၃။ ဦးမှူးအိမ်
၄။ ဦးမြတ်မိုးကျော်
၅။ ဦးတေဇာအောင်








