အာရက္ခတပ်တော် (AA) မှ ခေါ်ယူထိန်းသိမ်းထားသော အမျိုးသမီးသတင်းထောက်မုဒြာ ကိုပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုခြင်း
ကြေညာချက် အမှတ်– ၅/၂၀၂၅ ၂၃ စက်တင်ဘာ ၂၀၂၅ မောင်တောအခြေစိုက် Border News Agency ၏ အမျိုးသမီးသတင်းထောက်မုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော်အချိန်ခန့်က မောင်တောမြို့၊နေအိမ်တွင် လာရောက်ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်း Border News Agency ၏ ထုတ် ပြန်ချက်အရ သိရှိရသည်။ လာရောက်ခေါ်ဆောင်သွားသော အဖွဲ့အစည်းမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ထောက်လှမ်းရေးဟု လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထိုသို့ လာရောက်ခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးသတင်းထောက်မုဒြာသည် မိသားစုနှင့် အဆက်အသွယ်ပြတ် တောက်နေ ကြောင်းလည်း သိရှိရသဖြင့် ကျွန်ုပ်တို့လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) အနေဖြင့် အလွန်တရာ စိုးရိမ်ပူပန်လျက်ရှိသည်။…






