ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ကြေညာချက်
မေလ ၃ ရက် တွင်ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ထုတ်ပြန်ကြေညာချက် ယနေ့ မေလ ၃ ရက်တွင်ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အလွန်ဆိုးဝါးစွာရှိနေသေးကြောင်း မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာ ဆရာများ အစည်းအရုံး (IMJA) မှ ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ယနေ့အထိ ၄ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံသည်ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားများအားဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ခဲ့သည်။ နယ်စည်းမထားသတင်းထောက်များအဖွဲ့ (Reporter Without Border-RSF) ကထုတ်ပြန်ထားသည့် ၂၀၂၅ ခုနစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းများအရ နိုင်ငံပေါင်း…