၁။ သတင်းသမားဘေးကင်းရေး- ဒစ်ဂျစ်တယ်လုံခြုံရေး
လွတ်လပ်တဲ့ မြန်မာသတင်းစာဆရာများ အစည်းအရုံးက လာမယ့် ဇူလိုင် ၂၆ ရက်၊ ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပမယ့် “သတင်းသမားဘေးကင်းရေး- ဒစ်ဂျစ်တယ်လုံခြုံရေး” အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဒီဆွေးနွေးပွဲမှာ အောက်ပါအချက်တွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်ကမ္ဘာတွင် သတင်းသမားများ ရင်ဆိုင်နေရသော ခေတ်ရေစီးကြောင်းခြိမ်းခြောက်မှုများနှင့် အန္တရာယ်များ – ဆိုက်ဘာတိုက်ခိုက်မှုများ၊ အချက်အလက်ခိုးယူမှုများနှင့် အခြားသော အွန်လိုင်းခြိမ်းခြောက်မှုများအကြောင်း ဆွေးနွေးပါမည်။
လုံခြုံစိတ်ချရသော အက်ပ်များနှင့် ပလက်ဖောင်းများ – သတင်းသမားများအတွက် လုံခြုံစိတ်ချရသော ဆက်သွယ်ရေးနှင့် အချက်အလက်မျှဝေရေးကိရိယာများကို ဆွေးနွေးကြပါမယ်။
ရက်စွဲ: ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် (စနေနေ့)
အချိန်: ညနေ ၃:၀၀ နာရီ မှ ၅:၀၀ နာရီ (ထိုင်းစံတော်ချိန်)
၂။ ပဋိပက္ခနှင့် စစ်ပွဲဇုန်များရှိ သတင်းသမားများ
လွတ်လပ်တဲ့ မြန်မာသတင်းစာဆရာများ အစည်းအရုံးက လာမယ့် ဇူလိုင် ၂၇ ရက်၊ ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပမယ့် “ပဋိပက္ခနှင့် စစ်ပွဲဇုန်များရှိ သတင်းသမားများ” အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဒီဆွေးနွေးပွဲမှာ အောက်ပါအချက်တွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဖြစ်ရပ်မှန်မှတ်တမ်းတင်တင်ပြခြင်း – ပဋိပက္ခဒေသတွေမှာ သတင်းယူနေကြတဲ့ သတင်းသမားတွေရဲ့ ကြုံတွေ့ရတဲ့ အခြေအနေတွေ၊ ဖြစ်ရပ်မှန် စိန်ခေါ်မှုတွေနဲ့ သူတို့ရဲ့ တင်ပြမှုတွေကို မှတ်တမ်းတင်ပြီး တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဘေးကင်းရေးနှင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ အစီရင်ခံတင်ပြခြင်း – စစ်ပွဲဇုန်တွေမှာ သတင်းယူနေကြတဲ့ သတင်းသမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘေးကင်းရေး အစီအမံတွေနဲ့ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ဆွေးနွေးခြင်း
ရက်စွဲ : ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် (တနင်္ဂနွေနေ့)
အချိန် : ညနေ ၃:၀၀ နာရီ မှ ၅:၀၀ နာရီ (ထိုင်းစံတော်ချိန်)

