ကြားကာလကော်မတီ (ယာယီ) ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်
လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA (Independent Myanmar Journalists Association) ၏ အလုပ်မှုဆောင်အဖွဲ့ (၂) နှစ်သက်တမ်းပြည့် တာဝန်ပြီးမြောက်ခြင်းနှင့် ကြားကာလကော်မတီ (ယာယီ) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA မှ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၀) ရက် အထွေထွေရွေးကောက်ပွဲအနိုင်ရ အလုပ်မှုဆောင်များနှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အလုပ်မှုဆောင်များသည် IMJA ၏ အခြေခံဖွဲ့စည်းပုံ အခန်း-၆ ဖော်ပြချက်အရ (၂) နှစ် တာဝန်သက်တမ်းပြည့်မြောက်ပြီးဖြစ်ကြောင်း IMJA အဖွဲ့ဝင်များအား လေးစားစွာ အသိပေးအပ်ပါသည်။ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ၏ ပထမသက်တမ်း (၂) နှစ်တာ ကာလအတွင်း ပံ့ပိုးပေးကြသည့် IMJA အဖွဲ့ဝင်များ၊…

