မြေလတ်အသံ သတင်းဌာန၏ သတင်းထောက် ကိုသန်းထိုက်မြင့် ကို မတရားဖမ်းဆီး၍ အကြမ်းဖက်ပုဒ်မတပ်ကာ ထောင်ဒဏ် ၅ နှစ်ချမှတ်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး Independent Myanmar Journalists Association_IMJA ကြေညာချက်အမှတ် – ၂ / ၂၀၂၅ ၃၀ ၊ ဧပြီ ၊ ၂၀၂၅ ခုနှစ် မြေလတ်အသံ သတင်းဌာန၏ သတင်းထောက် ကိုသန်းထိုက်မြင့် ကို မတရားဖမ်းဆီး၍ အကြမ်းဖက်ပုဒ်မတပ်ကာ ထောင်ဒဏ် ၅ နှစ်ချမှတ်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း မြေလတ်အသံသတင်းဌာနက သတင်းထောက်ကို သန်းထိုက်မြင့်ကို စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက်တွင် မြန်အောင်မြို့နယ် ၊ အင်ပင်မြို့ရှိ ၎င်း၏ နေအိမ်ကို ခေတ္တပြန်လည် နေထိုင်စဥ် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းကို မြန်အောင်အခြေစိုက် ခလရ ၅၁ တပ် စစ်ကြောရေးတွင် ၇…