သတင်းသမားတွေ သတ်ဖြတ်ခံရမှု အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာ သုံးနှစ်ဆက် ပါဝင်
သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင့် ၁၀ သတ်မှတ်ခံရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက်သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ညွှန်းကိန်းအစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။ CPJ ရဲ့ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်မှာ ပထမဦးဆုံး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အဆင့် ၁၁ သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ အဆင့် ကိုးနဲ့ ဒီနှစ်မှာတော့ အဆင့် ၁၀ နေရာက…