ဖမ်းထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွှတ်ဖို့ KIA ကို IMJA တောင်းဆို
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖမ်းဆီးထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွှတ်ဖို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က အောက်တိုဘာ ၂၃ ရက်နေ့မှာ KIA ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။ ဖမ်းဆီးခံသတင်းသမားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ အကာအကွယ်ရဖို့ မျှော်လင့်တယ်လို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ဒုတိယဥက္ကဋ္ဌ ကိုနိုင်က RFA ကိုပြောပါတယ်။ “ ကျွန်တော်တို့ မမျှော်လင့်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ ဒီ KIA လိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းက သတင်းသမားတွေကို အကြောင်းမဲ့ ဖမ်းဆီးတယ်၊ ဖမ်းဆီးပြီးတဲ့နောက်မှာလည်း မိသားစုတွေ၊ ဌာနတွေကို အကြောင်းကြားတာမရှိဘဲနဲ့ သူတို့ရဲ့ မတရားချုပ်နှောင်မှုအောက်မှာ ရှိနေတာကို အဓိက ကန့်ကွက်ချင်တာပါ၊ အဓိက ကျွန်တော်တို့ ဆိုလိုချင်တာကတော့ ဖမ်းဆီးခံသတင်းသမားတွေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ နောက်…