KIA မှ ဖမ်းဆီးထားသော သတင်းထောက် (၂) ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခြင်း
ဖားကန့်အခြေစိုက်သတင်းထောက်ဖြစ်သော ကိုတာလင်းမောင် ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက် တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ကိုလည်း ဖားကန့်တိုက်နယ် KIA တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် – KIA အနေဖြင့် သတင်းထောက် (၂) ဦးကို မည်သည့် နေရာတွင် ဖမ်းဆီးထားကြောင်း မိသားစုဝင်များကို အကြောင်းမကြားခဲ့သလို ယနေ့အချိန်အထိ အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။ Red News Agency သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့သည်…