အလွတ်တန်းသတင်းထောက်များကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး လက်နက်ကိုင်များအဖြစ် ပုံဖော်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး Independent Myanmar Journalists Association_IMJA ကြေညာချက်အမှတ် – ၃ / ၂၀၂၄ ၂၃ ၊ ဩဂုတ် ၊ ၂၀၂၄ ခုနှစ် အလွတ်တန်းသတင်းထောက်များကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး လက်နက်ကိုင်များအဖြစ် ပုံဖော်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း အလွတ်တန်းသတင်းထောက်များဖြစ်သည့် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူတို့ကို စစ်ကောင်စီတပ်သားများကဩဂုတ်လ ၂၁ ရက်မနက် ၉ နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာရှိ ကိုထက်မြတ်သူ၏ နေအိမ်ကို ဝင်ရောက် စီးနင်းစဉ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးကို လက်နက်ကိုင် များ အဖြစ် စစ်ကောင်စီ၏ လော်ဘီချန်နယ်များတွင် ပုံဖော်ခဲ့ပါသည်။ ဖြစ်စဉ်အမှန်မှာ အလွတ်တန်း သတင်းထောက်ကိုဝင်းထွဋ်ဦးကို စစ်ကောင်စီက ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်ထားသောကြောင့် ကျိုက်ထို…