မြန်မာသတင်းသမားတွေ အဆိုးရွားဆုံး ဖိနှိပ်ခံနေရတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) ပြော
စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း မြန်မာသတင်းသမားတွေ အဆိုးရွားဆုံး ဖိနှိပ်ခံနေရတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး IMJA ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) ရုံးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က ဦးဆောင်ပြီး မြန်မာသတင်းသမား တွေကြုံတွေ့ နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲမှာ (IMJA) အစည်းအရုံး ဥက္ကဋ္ဌ ကိုကျော်ကျော်မင်း အခုလို ပြောဆိုခဲ့တာပါ။ လက်ရှိမြန်မာနိုင်ငံက သတင်းထောက်တွေ ကြုံတွေ့နေရတဲ့ အခြေအနေဟာ နိုင်ငံတကာက သတင်းထောက် တွေ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့နှိုင်းယှဉ်ရင် အဆိုးဆုံး အခြေအနေမှာ ရှိနေကြောင်းနဲ့ မီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံနေရတာနဲ့အပြင် သတင်းထောက်တွေအပေါ်မှာ အကြမ်းဖက်ခံရမှုကလည်း စံချိန်တင် အမြင့်ဆုံး ရောက်နေတယ်လို့…