သတင်းထောက်များဖြစ်သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို နှစ်ရှည်ထောင်ဒဏ်များချမှတ်မှုကို ပြင်းထန်စွာကန့်ကွက်ခြင်း
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး Independent Myanmar Journalists Association_IMJA ကြေညာချက်အမှတ် – ၄ / ၂၀၂၄ ၂၉ ၊ ဩဂုတ် ၊ ၂၀၂၄ ခုနှစ် သတင်းထောက်များဖြစ်သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို နှစ်ရှည်ထောင်ဒဏ်များချမှတ်မှုကို ပြင်းထန်စွာကန့်ကွက်ခြင်း Dawei Watch မီဒီယာ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမား နှစ်ဦးဖြစ်သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦး တို့ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် ညသန်းခေါင်အချိန်တွင် ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ကောင်စီက စစ်ခုံရုံးဖြင့် တိတ်တဆိတ် တရားစီရင်ပြီး ကိုမျိုးမြင့်ဦး ကို မေလ ၁၆ ရက်က ထောင် ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကိုအောင်ဆန်းဦးကို…