DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ထောင်ဒဏ်များချမှတ်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး Independent Myanmar Journalists Association_IMJA ကြေညာချက်အမှတ် – ၂ / ၂၀၂၄ ၃၀ ၊ ဇွန် ၊ ၂၀၂၄ ခုနှစ် DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ထောင်ဒဏ်များချမှတ်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်း စစ်ကောင်စီ မှ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ဇွန်လ ၂၈ ရက်နေ့က ချမှတ်လိုက်ကြောင်း သိရ သည်။ သတင်းထောက် ကိုထက်အောင်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ရခိုင်ပြည် စစ်တွေမြို့…