(က) သတင်းစာဆရာများအပေါ် ခြိမ်းခြောက်မှုများ၊ နှောင့်ယှက်စော်ကားမှုများ၊ သတင်းသမားအဖြစ် အယောင်ဆောင်ခြင်းများအပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အကြမ်းဖက်မှုများနှင့် ဥပဒေ ဆိုင်ရာ၊ ဒစ်ဂျစ်တယ်ဆိုင်ရာ တိုက်ခိုက်မှုများမှ ကာကွယ်ရန်နှင့် အစီအမံများကို အကြံပြုခြင်း၊ အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာသတင်းစာဆရာများ၏ ဘေးကင်းလုံခြုံမှုနှင့် လုံခြုံရေးကို ကာ ကွယ်ပေးရန်။
(ခ) အန္တရာယ်ကြိုတင်ခန့်မှန်းတွက်ချက်ခြင်းများ၊ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်မှု၊ မိမိကိုယ်ကိုကာကွယ်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများအပါအဝင် ဘေးကင်းလုံခြုံစေရေးနှင့် လုံခြုံရေး အစီအမံ များကို သတင်းစာဆရာများနှင့် မီဒီယာအဖွဲ့အစည်းများအကြား အသိပေးမှုမြှင့်တင်ရန်
(ဂ) မြန်မာသတင်းစာဆရာများအပေါ်တိုက်ခိုက်မှုများကို စောင့်ကြည့်ရန်နှင့် မှတ်တမ်းတင်ရန်၊ တိုက်ခိုက်ခံနေရသည့်သတင်းစာဆရာများ ကို လိုအပ်သောဥပဒေပိုင်းဆိုင်ရာအထောက်အပံ့များ၊ ကာကွယ် စောင့်ရှောက်မှုများကို မျှဝေပေးရန်
(ဃ) သတင်းစာဆရာများ၏ ဘေးကင်းလုံခြုံရေးနှင့် သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးသည့် နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် အသင်းအဖွဲ့များ၊ ကွန်ရက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာသတင်းစာဆရာများကို ကာကွယ်ရန် သက်ဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် လုပ်ငန်းယန္တရား အကောင်အထည်ဖော်ရေးအတွက် အကြံပြုရန်
(င) သတင်းလွတ်လပ်ခွင့်ကို အာမခံနိုင်ပြီး သတင်းသမားများ ကိုယ်တိုင် ကိုယ်စားပြုလက်ခံနိုင်သည့် သတင်းမီဒီယာဥပဒေ ပေါ်ပေါက်ရေး ဦးတည်ဆောင်ရွက်ရန်၊
(စ) သတင်းစာဆရာများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများ၏ အကျိုးစီးပွားကိုကိုယ်စားပြုသည့် သတင်းမီဒီယာကောင်စီ(သို့)သတင်းစာဆရာကောင်စီဖွဲ့စည်းတည်ထောင်ရန်နှင့် ကျင့်ဝတ်နှင့် ကိုက်ညီ သော၊တာဝန်ခံမှုရှိသော သတင်းစာပညာသိရှိမှုမြှင့်တင်ရန်
(ဆ) သတင်းစာဆရာများ၊ မီဒီယာများ အနေဖြင့် သတင်းမီဒီယာ ကျင့်ဝတ်နှင့် စံနှုန်းများကို စနစ်တကျ လိုက်နာမှုကို တွန်းအားပေးရန်
(ဇ) သတင်းရယူထုတ်လုပ်တင်ဆက်မှုများနှင့်ဆက်စပ်ပြီးအငြင်းပွားမှုများနှင့်တိုင်ကြားမှုများကို ဖြေရှင်းခြင်းအတွက် လုပ်ငန်းယန္တရားဖော်ဆောင်ပေးရန်နှင့် ထိုယန္တရားသည် မြန်မာသတင်းစာဆရာ များနှင့် မြန်မာသတင်း မီဒီယာအဖွဲ့အစည်းများအတွက် လက်လှမ်းမီစေရေး ဆောင်ရွက်ရန်
(ဈ) လွတ်လပ်စွာဖော်ပြခွင့်နှင့် လွတ်လပ်အမှီအခိုကင်းသော သတင်းစာပညာကို ထောက်ပံ့သည့် မူဝါဒများနှင့် ဥပဒေများအတွက် အကြံပြုတင်ပြရန်၊ အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လွတ်လပ်ပွင့်လင်းသော မီဒီယာရပ်ဝန်းကို မြှင့်တင်ပေးကာ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး အမှီအခိုကင်းသည့် သတင်းစာပညာအရေးကြီးကြောင်း အသိပေး မှုမြှင့်တင်ရန်
(ည) ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ဒီမိုကရေစီရေး တည်ဆောက်ရာတွင် သတင်းစာဆရာများနှင့် မီဒီယာများ၏ အခန်းကဏ္ဍကို အများပြည်သူအားအသိပညာပေးရန်